Source: Myanmar Knowledge Society (Mks) Blog

Myanmar Knowledge Society (Mks) Blog ဒီမိုကရေစီစစ်တပ် တည်ဆောက်ခြင်း - ၅ - ကျော်သွင်ကို (JHRD ဂျာနယ်တွင်ဖော်ပြခဲ့သည့် စစ်တပ်လေ့လာမှုဘာသာရပ် အခန်းဆက် ဆောင်းပါးဖြစ်ပါတယ်။)

လွှတ်တော်ထဲက စစ်တပ်နဲ့ အရပ်ဘက်ဆက်ဆံရေး ကာကွယ်ရေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အရပ်သားတွေရဲ့ ဗဟုသုတပြည့်စုံမှုရှိတယ်ဆိုရင် လွှတ်တော်ဟာ စစ်တပ်ကို အကြားအမြင်များပြီး အထူးနားလည်ကျွမ်းကျင်တဲ့ ကြီးကြပ်သူဖြစ်လာမှာမို့လို့ ကာကွယ်ရေးကိစ္စရပ် တွေကို အရပ်ဘက်ရဲ့နားလည်သိရှိမှုကို ဒီမိုကရေစီနိုင်ငံတော်က မြှင့်တင်ပေးရပါမယ်။ လွှတ်တော်၊ အန်ဂျီအို၊ မီဒီယာတွေကလည်း ကာကွယ်ရေးကိစ္စတွေအကြောင်း သိရှိနားလည်ထားတယ်ဆိုရင် အုပ်ချုပ်ရေးမဏ္ဍိုင်က စစ်ဘက်နယ်ပယ်ကို လွှမ်းမိုးမှုဖြစ်မလာအောင် တားဆီးကာကွယ်နိုင်မယ်။ ကာကွယ်ရေးကိစ္စရပ်တွေမှာ ကျွမ်းကျင်အောင်လုပ်ဖို့က လက်ဝင်တဲ့ကြိုးပမ်းအားထုတ်မှုဖြစ်တယ်။ ကြိုကြိုတင်တင် လေ့လာဆည်းပူးထား ရင်အကောင်းဆုံးပဲ။ ကာကွယ်ရေးကဏ္ဍကျွမ်းကျင်တဲ့ လူသစ်တွေကို ပညာပေးဖို့ အားကိုးအားထားပြုလောက် တဲ့ သင်တန်းဆရာတို့ ကျွမ်းကျင်ပညာရှင်တို့ဆိုတာ ဒီမိုကရေစီနိုင်ငံအများစုမှာ မရှိတတ်ပါဘူး။ ဒီလိုဖြစ်ရပ်မျိုး ကြုံလာရင် ပြည်ပက အင်စတီကျူးရှင်းတွေ၊ နိုင်ငံခြားသင်တန်းဆရာတွေကို ခေါ်သင်ဖို့ အကူအညီရယူအပ်ပါ တယ်။

Read full article »

Top Competitors or Alternatives

Looks like nobody has added any competitors for Myanmar Knowledge Society (Mks) yet.

Missing a competitor? Contribute!

Est. Annual Revenue
<$1M
Agree?
Est. Employees
<10
Agree?