Source: Mmweather Page Blogဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှ လေဖိအားနည်းဆဲလ် INVEST 98B သည် ဆက်လက် တည်ရှိနေပြီး လွန်ခဲ့သည့် ၆ နာရီအတွင်း အရှေ့မြောက်ဘက်သို့ တစ်နာရီ ၁ဝ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။ လေဖိအားနည်းဆဲလ် INVEST 98B ၏ လက်ရှိအခြေအနေအရ ပိုမိုအားကောင်းလာခြင်းမရှိကြောင်း တွေ့ရပြီး ကွန်ပျူတာမော်ဒယ်များမှ ကြိုတင်ခန့်မှန်းချက်များအရလည်း စက်တင်ဘာလ ၁၉ ရက်နောက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း အိန္ဒိယနိုင်ငံ သြရိသကမ်းခြေအနီး ချဉ်းကပ်ရောက်ရှိကာ အားပျော့သွားမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်ကို တွေ့ရှိရပါသည်။ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကမ်းခြေအား ယမန်နေ့ညပိုင်းက ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်သည့် တိုင်ဖွန်းမုန်တိုင်း KALMAEGI(15W) သည် အနောက်-အနောက်မြောက်ဘက်သို့ ကုန်းတွင်း မုန်တိုင်းငယ်အဖြစ်ဆက်လက်ရွေ့လျားဝင်ရောက်လျှက်ရှိပြီး ယနေ့ည သန်းခေါင်ယံနောက်ပိုင်း၌ တရုတ်ပြည် ယူနန်ပြည်နယ်တောင်ပိုင်းသို့ လေဖိအားနည်းရပ်ဝန်းအဖြစ်ရောက်ရှိကာ အားပျော့ပျက်ပြယ်သွားမည်ဟု ခန့်မှန်းထားပါသည်။ (မူလ . . . → Read More: ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှ INVEST 98B ဆက်လက်တည်ရှိနေဆဲ
Read full article »
Followers on Owler
1